Loading...

ပညာရေးစီမံခန့်ခွဲရေးဆိုင်ရာ ပညာရေးမဟာဝိဇ္ဖာဘွဲ့များ

ကျွန်ုပ်တို့၏ ပညာရေးစီမံခန့်ခွဲရေးဆိုင်ရာ ပညာရေးမဟာဝိဇ္ဇာဘွဲ့ ပရိုဂရမ်မှာ ပညာရေး ဖွံဖြိုးတိုးတက်မှုကို ပိုမိုအကျိုးပြုဖြစ်ထွန်းရန်လုပ်ဆောင်လိုသူများနှင့် ပညာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများအား နက်နက်ရှိုင်းရှိုင်းသိရှိစေလိုသော သူများအတွက် အထူး သင့်လျော်ပါသည်။

အဆိုပါအစီအစဉ်သည် ပညာရေးနယ်ပယ်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာ စေရန်နှင့် ကျောင်းတွင်ရှိရမည့် ကျင့်ဝတ်များမှ အဆင့်မြင့်သုတေသနနည်းစနစ်များအထိ ပြင်ဆင်ရေးဆွဲ ထားပါသည်။ အဆိုပါပရိုဂရမ်မှတဆင့် အနာဂတ်ပညာရှင် မျိုးဆက်များ အား ပညာသင်ကြားပေးရန် လိုအပ်သောကျွမ်းကျင်မှုများနှင့် အလေ့အကျင့်များကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

ဘာတွေသင်ယူရမလဲ

၂၁ ရာစုကျောင်းများမှာ စိန်ခေါ်မှုပေါင်းများစွာနှင့် ရှုပ်ထွေးပြီး အစဉ်ပြောင်းလဲနေသော ဝန်းကျင်တစ်ခုဖြစ်ပါသည်။ M.Ed ပရိုဂရမ်ကို အဆိုပါစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်း ရန်နှင့် ရှိပြီးသားစွမ်းရည်များအား ပိုမိုမြှင့်တင်ရန် ဆန္ဒရှိသည့် ကျွမ်းကျင်ပညာရှင်များ အတွက် ရည်ရွယ် ရေးဆွဲထားပါသည်။

အဆိုပါအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများအား ပညာရေးစီမံခန့်ခွဲမှု ကို အလေးထားသော လက်တွေ့ကျင့်သုံးသူများ၊ သုတေသီများနှင့် ပညာရှင်များဖြစ်လာ စေရန် ပျိုးထောင်ပေးခြင်းဖြစ်ပါသည်။ သက်မွေးပညာ အဓိကအတန်းများသည် သာမန် ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ သီအိုရီများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲဖိုရမ်များသာမက သီအိုရီများကို လက်တွေ့ကျင့်သုံးနိုင်သည့် အထောက်အကူပြု ပညာရေးဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။

M.Ed ပရိုဂရမ်မှ အတန်းများအား အတွေ့အကြုံရှိ ဝါရင့်ပညာရှင်များမှ ပို့ချပေးလျက်ရှိပြီး ညွှန်ကြားရေးဦးဆောင်မှု၊ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်မှု၊ ကျောင်းဏ္ဍာရေး၊ ဥပဒေ ရေးရာ ကိစ္စရပ်များ၊ အဖွဲ့အစည်းဆိုင်ရာသီအိုရီများ၊ စီမံခန့်ခွဲရေး အခြေခံအုတ်မြစ်များ၊ ကျောင်းနှင့် သက်ဆိုင်သည့်ခေါင်းဆောင်မှု စသည့်ပညာရပ်ပိုင်းများရှိ အတွေ့အကြုံ၊ အသိပညာများကို အဓိကထား သင်ကြားပေးလျက်ရှိပါသည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

အဆိုပါပရိုဂရမ်အား ပြီးဆုံးပါက ပညာရေးနယ်ပယ်ရှိ ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများတွင် အရည်အချင်းပြည့်မီပြီး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများတွင် ကျွမ်းကျင်တတ်မြောက်နိုင် မည် ဖြစ်ပါသည်။

လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်အချို့မှာ -

  • ကျောင်းအုပ်ရာထူး
  • ပညာရေးဆိုင်ရာအုပ်ချုပ်ရေးမှူး (ပညာရေးမှူး)
  • ခေါင်းဆောင်မှုဆိုင်ရာ နည်းပြ
  • သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးအောင်ဆောင်ရွက်သူ
  • အရည်အသွေးအာမခံပရောဖက်ရှင်နယ်


အသိအမှတ်ပြုမှု



ကျွန်ုပ်တို့၏ပရိုဂရမ်သည် ထိုင်းနိုင်ငံ ဆရာများကောင်စီနှင့် အဆင့်မြင့်ပညာရေး ကော်မရှင်ရုံး တို့၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။

လျှောက်လွှာတင်ပါ