Loading...

သင်ကြားရေးဒီပလိုမာဘွဲ့

မိမိတို့ထိုင်းနိုင်ငံတွင် ဆရာ/မ များအား ကျောင်းသားများမှ ဒုတိယမိဘများအဖြစ် မြင်လေ့ရှိ ပါသည်။ Community ခေါင်းဆောင်အနေဖြင့် လေးစားခံရသည်နှင့်အမျှ ဆရာ/မများသည် မိမိသင်ကြားမည့် ဘာသာရပ်နှင့်စပ်လျဉ်း၍ နက်ရှိုင်းသောအသိပညာ၊ ဗဟုသုတနှင့် ပြည့်စုံ ရန် မျှော်လင့်ထားကြလျက်ရှိပါသည်။

ကျွန်ုပ်တို့ရဲ့ သင်ကြားရေးဒီပလိုမာပရိုဂရမ်တွင် ပရောဖက်ရှင်နယ် ကျင့်ဝတ်များ၊ ကိုယ်ကျင့် တရားများ၊ စွမ်းရည်များ၊ ဝါသနာများနှင့် အနာဂတ်မျိုးဆက်သစ်များအား လှုံ့ဆော်၊ မြှင့်တင် ပေးနိုင်မည့် အသက်မွေးဝမ်းကျောင်းကို ပေါင်းစပ်နိုင်ဖို့ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

ဘာတွေသင်ယူရမလဲ

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန၏လိုအပ်ချက်အရ ကျောင်းဆရာ/မများအားလုံးသည် သင်ကြားရေး လိုင်စင်များရရှိရန် အဆင့်မြင့်သင်ကြားရေးနည်းစနစ််များ သင်ယူဖို့ လိုအပ်ပါ သည်။ ၂၀၁၃ ခုနှစ်တွင် စိန့်ထရီဇာနိုင်ငံတာကောလိပ်သည် သင်ကြားရေးဒီပလိုမာဘွဲ့ ပရိုဂရမ် (Diploma Program in Teaching Profession) ဖွင့်လှစ်နိုင်သည့် ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်အဆင့် အဖွဲ့အစည်း တစ်ခုဖြစ်လာခဲ့ပါသည်။

အဆိုပါပရိုဂရမ်တွင် ပထမစာသင်နှစ်ဝက် နှစ်ခု(နာရီပေါင်း ၂၇ နာရီ) တွင် သင်ရိုး/အတန်း ၁၁ ခု ပါဝင်သည့်အပြင် ပရိုဂရမ်၏ နောက်ဆုံး Semester တွင် လက်တွေ့သင်ကြားခြင်း အတွေ့ အကြုံများ ရရှိနိုင်ရန် ဒေသခံကျောင်းများတွင် အလုပ်သင်ဆင်းခြင်းတွင် ပါဝင်ဖို့လိုအပ်ပါ သည်။ သင်ကြားရေးနှင့် ပညာရေးဖွံ့ဖြိုးတိုက်ရေးတွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် သင်ရိုးညွှန်း တမ်း ဖွံ့ဖြိုးတိုးတက်မှု၊ ဆရာ/မများအတွက် စိတ်ပညာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာအတွေးအခေါ်များ၊ ဆရာ/မများ ကိုယ်တိုင်အမှန်တကယ် လုပ်ဆောင်ခြင်း စသည့် သင်ရိုးများကို ရေးဆွဲထားပါသည်။ အဆိုပါ ၁၈ လ ပရိုဂရမ်အား ပြီးမြောက်ပါက ထိုင်းဆရာများကောင်စီ(Teachers Council of Thailand) မှ တရားဝင် သင်ကြားရေးလိုင်စင် ကို ရရှိနိုင်မည်ဖြစ်ပါသည်။

ပရိုဂရမ် ရည်ရွယ်ချက်များ

  • ဘွဲ့ရများအား စာသင်ခန်းတွင်းဆောင်ရွက်ချက်များကို ပိုမို ယုံကြည်စိတ်ချစွာနှင့် အရည်အချင်းရှိစွာ စီမံခန့်ခွဲနိုင်ရန် ပညာရေးဆိုင်ရာ ပရောဖက်ရှင်နယ် အသိပညာ/ ဗဟုသုတများ၊ လက်တွေ့ကျသော နမူနာများ၊ လေ့ကျင့်မှုများနှင့် ပညာရေးဆိုင်ရာ နောက်ခံ အမျိုးမျိုးတွင် နည်းစနစ်ကျစွာ ထောက်ပံ့ပေးနိုင်ရန်။
  • ပညာရေးပြုပြင်ပြောင်းလဲမှုများဆီ ဦးတည်သည့် သက်ဆိုင်ရာ အသစ်အသစ်သော သင်ရိုးညွှန်းတမ်းများမှတဆင့် ကျောင်းသားများ၏ ပညာရေးဆိုင်ရာခေါင်းဆောင်မှု အရည်အချင်းအား ဖွံ့ဖြိုးတိုးတက်ရန်။
  • ထိုင်းနိုင်ငံ ပညာရေး၊ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုများကို ထိတွေ့ခွင့်ရရှိအောင် ထောက်ပံ့ပေးရန်။
  • သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ ပိုမိုနားလည်သိရှိနိုင်ရန်။
  • ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း၊ Critical အတွေးအခေါ်များ၊ ထိရောက်သောဆက်သွယ်မှုများ၊ အပြန်အလှန်ဆက်ဆံရေး စသည့် စွမ်းရည်များအား မြှင့်တင်ပေးနိုင်ရန်။
  • ပညာရေး၌နည်းပညာအသုံးပြုမှု ကြွယ်ဝစေရန်။
  • ထပ်တိုးသင်ရိုးဆောင်ရွက်ချက်များ

    စိန့်ထရီဇာကောလိပ်အနေဖြင့် ထိုင်းရိုးရာအခမ်းအနားများ၊ လူမှု့ဝန်ဆောင်မှုများ၊ ဘာသာ ရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်တန်းများ၊ ပညာရေးဆိုင်ရာ Seminars များ စသည့် ထပ်တိုး သင်ရိုးညွှန်းတမ်းဆောင်ရွက်ချက်များအား ပေးလျက်ရှိပါသည်။ အဆိုပါ ဆောင်ရွက် ချက်များသည် ထိုင်းနိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှုနှင့် တက်ကြွသော ပညာရေးစနစ်အား အခိုင်အမာနားလည်နိုင်ရန်ရည်ရွယ်ထားပါသည်။



    ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

    ထိုင်းဆရာများကောင်စီမှ သင်ကြားရေးလိုင်စင်ရယူပြီးနောက် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကျောင်း များနှင့် အစိုးရကျောင်းများတွင် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများ၊ ကျောင်းဆရာ/မများ အနေဖြင့် အရည်အချင်း ပြည့်ဝစွာဖြင့် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

    • မူလတန်းကျောင်းဆရာ
    • အလယ်တန်းကျောင်းဆရာ
    • ကျောင်းများ၏ အုပ်ချုပ်ရေးမှူး
    • ပညာရေး ကျွမ်းကျင်သူ
    • ပုဂ္ဂလိကကျူတာ
    • ကျောင်းပိုင်ရှင်
    • အစိုးရပညာရေးရုံးများ
    • ပညာရေးဝန်ကြီးဌာန


    အသိအမှတ်ပြုမှု



    ကျွန်ုပ်တို့၏ပရိုဂရမ်သည် ထိုင်းနိုင်ငံ ဆရာများကောင်စီနှင့် အဆင့်မြင့်ပညာရေး ကော်မရှင်ရုံး တို့၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။

    လျှောက်လွှာတင်ပါ