Loading...

ပညာရေးသင်ကြားမှုစီမံခန့်ခွဲရေး မဟာဝိဇ္ဇာဘွဲ့

၂၁ ရာစုပညာရေးတွင် ကိုဗစ်နောက်ပိုင်း သင်ကြားမှုစီမံခန့်ခွဲရေး၊ ကျောင်းသားစေ့စပ် ညှိနှိုင်းမှုများ ကဲ့သို့ ရှုပ်ထွေးသောအကြောင်းအရာအသစ်များ၊ စိန်ခေါ်မှုများနှင့် ပညာရေးဆိုင်ရာ အသက်မွေးမှုများ ကျော်ကြားလာမှုများသည် ခေတ်သစ်သင်ကြား၊ သင်ယူမှုများကို တိုးတက် ကောင်းမွန်စေရန် ဆန်းသစ်သော နည်းလမ်းများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် လွှမ်းမိုးလျက်ရှိပါသည်။

ပညာရေးသင်ကြားမှုစီမံခန့်ခွဲရေးဆိုင်ရာ မဟာဝိဇ္ဇာပရိုဂရမ်နှင့်အတူ ၂၁ ရာစုပညာရေး အား နားလည်အကျိုးပြုနိုင်ရန် လိုအပ်သောစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အဆင့်မြင့် ပညာရေးဆိုင်ရာ သီအိုရီများနှင့်လည်း ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။

ဘာတွေသင်ယူရမလဲ

ယနေ့ခေတ် သင်ကြားရေးနည်းစနစ်များ ဘယ်လိုတိုးတက်နိုင်မလဲ။ ပိုပြီးထိထိ ရောက်ရောက် လေ့လာနိုင်တဲ့ နည်းလမ်းများရှိသလား။ အသစ်အသစ်သော ဆန်းသစ်မှုတွေနဲ့ အတူ နောင်ဆရာ/မ ဖြစ်လာမည့်သူများအနေဖြင့် လူ့အဖွဲ့အစည်းတွင် သိသိသာသာ အကျိုးပြု နိုင်သော ကျောင်းသားများအား လမ်းပြပေးရန် ၂၁ ရာစု၏ အလျင်အမြန် ပြောင်းလဲနေသော သင်ကြားရေးနည်းပညာများကို လက်ခံနိုင်ဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့ ပရိုဂရမ်အနေဖြင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များရှိ လက်တလောသုတေသနများအရ ဆန်းသစ်တီထွင်မှုများ၊ မေးခွန်းများကို စူးစမ်းရှာဖွေနိုင်သည့် အခွင့်အလမ်းများ ပေးအပ်လျက်ရှိပါသည်။

MED ပရိုဂရမ်သည် သင်ကြားမှုစီမံခန့်ခွဲရေးနှင့် သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတိုးတက်ရေးတွင် နက်ရှိုင်းသော အသိပညာနှင့်အတူ သင်ကြားရေးတွင် ခိုင်မာသောကျွမ်းကျင်မှုရှိသည့် စီမံခန့်ခွဲ ရေး၊ သုတေသန၊ Policy နှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင်ရှိသည့် အနာဂတ်ခေါင်းဆောင် များအတွက် ရည်ရွယ်ပါသည်။ အဆိုပါပရိုဂရမ်အတွင်းပါဝင်ခြင်းဖြင့် သင်ကြားရေးနယ်ပယ်ရှိ စွမ်းရည်အသစ်များအား အသုံးချနိုင်ခြင်း၊ အသိပညာဗဟုသုတအသစ်များ ရရှိနိုင်ခြင်း၊ သုတေသနများပြုလုပ်နိုင်ခြင်း စသည့်အခွင့်အရေးများရရှိနိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ ထိုင်းနိုင်ငံမှပေးအပ်သော လေ့ကျင့်ရေးအကျိုးကျေးဇူးများရရှိမည်သာမက အခြားသော အကျိုးကျေးဇူးများခံစားရမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ ဂုဏ်သတင်းမွှေးသည့် နိုင်ငံတကာကျောင်းအချို့ကို လက်ခံဖွင့်လှစ်လျက်ရှိပြီး အရည်အချင်း ပြည့်မီသော ဆရာ/မများအား လိုအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ကျောင်းတွင် သင်ကြားပေး လျက်ရှိသော ‌ဆရာ/မများမှာလည်း ဆရာများကောင်စီ၏လိုအပ်ချက်များအရ အရည်အချင်း ပြည့်မီပြီး ကျွမ်းကျင်ဖော်ရွေသောသူများဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့်ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ဖိလစ်ပိုင်နိုင်ငံ၊ နယူးဇီလန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှ တက္ကသိုလ်များမှတဆင့် သင်တို့၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန် နိုင်ငံတကာကွန်ရက်တစ်ခု ရရှိနိုင်မည် ဖြစ်ပါသည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

ကျောင်းသားများ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် စူးစမ်းလိုစိတ်အား ဖော်ထုတ်မြှင့်တင်နိုင်ခြင်းသည် ဆရာ/မတစ်ယောက်၏ လုပ်ဆောင်ရမည့်အလုပ်တစ်ခုဖြစ်ပါသည်။ မိမိတို့ထိုင်းနိုင်ငံရှိ ဆရာ/မ များသည် အထူးသဖြင့် ဝိုင်ခရုနေ့ (ဆရာများနေ့) ကဲ့သို့ တရားဝင်လူထု အခမ်းအနား များတွင် ကျောင်းသားများ/ မိမိတို့လူမှုအဖွဲ့အစည်းများမှ လေးစားကြည်ညိုခြင်းခံကြရပါသည်။ ကျောင်းအများစုမှာလည်း နေရာထိုင်ခင်းပေးခြင်း၊ နှစ်ကုန်ဘောနပ်စ်ပေးခြင်း၊ ကျန်းမာရေး အာမခံပေးခြင်းနှင့် ခွင့်ခံစားခွင့်ပေးခြင်းစသည့် အလုပ်အကိုင်အကျိုးကျေးဇူးများကို ကမ်းလှမ်း လျက်ရှိပါသည်။ ထိုင်းနိုင်ငံသည် သင်ကြားရေးအသက်မွေးဝမ်းကျောင်းအား ဖွံ့ဖြိုးတိုးတက် လိုသော သူများအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်လာပါသည်။ အဆိုပါပရိုဂရမ်အား ပြီးမြောက်ပါက အောက်ပါအလုပ်များအတွက် အရည်အချင်းပြည့်မီလာ ပါလိမ့်မည်။

  • နယ်ပယ်အသီးသီးမှ ပညာရေးဆိုင်ရာ ပညာရှင်
  • သင်ယူခြင်း မန်နေဂျာ (သို့မဟုတ်) နည်းပြ
  • သုတေသနနှင့် အရည်အသွေးအာမခံဝန်ထမ်းများ
  • သင်တန်း/သင်ရိုးညွှန်းတမ်း ဒီဇိုင်းဆွဲသူ
  • သင်ကြား/သင်ယူမှု စီမံခန့်ခွဲ‌ရေး ဆန်းသစ်တီထွင်သူ
  • ပညာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်


အသိအမှတ်ပြုမှု



ကျွန်ုပ်တို့၏ပရိုဂရမ်သည် ထိုင်းနိုင်ငံ ဆရာများကောင်စီနှင့် အဆင့်မြင့်ပညာရေး ကော်မရှင်ရုံး တို့၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။

လျှောက်လွှာတင်ပါ