Loading...

ပညာရေးစီမံခန့်ခွဲမှု ပါရဂူဘွဲ့

ပညာရေးစီမံခန့်ခွဲမှုပါရဂူဘွဲ့နှင့်အတူ ဒီဂျစ်တယ်ပြောင်းလဲမှုအပေါ် အဓိကထားသည့် ပညာရေးဆိုင်ရာဦးဆောင် အဖွဲ့အစည်းများတွင် ထူးချွန်မှုကို ဖော်ပြရင်း ပညာရေး စီမံခန့်ခွဲ‌ရေး ဆိုင်ရာပညာရှင်၊ မူဝါဒချမှတ်သူ၊ အရေးပါသောခေါင်းဆောင်အဖြစ် အသက်မွေး ကျောင်းတစ်ခုအား ပြင်ဆင်နိုင်ပါသည််။

ကျွန်ုပ်တို့ ကျောင်းဆင်းများသည် ပြောင်းလဲလျက်ရှိသော ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်များ တွင် အလိုက်သင့်ပြောင်းလဲနိုင်သည့် အရေးပါသော အတွေးအခေါ်ပညာရှင်များ ဖြစ်ကြပါ သည်။ ဒါ့အပြင် အရည်အသွေးနှင့် အရည်အချင်းဆိုင်ရာ နည်းလမ်းများနှင့်အတူ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနများတွင် ခေါင်းဆောင်များ ဖြစ်လာကြပါသည်။

ဘာတွေသင်ယူရမလဲ

ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်းရည်ရွယ်ချက်မှာ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပါရဂူဘွဲ့ရများ မွေးထုတ်ပေးရန်ဖြစ်ပါသည်။

  • ဒီဂျစ်တယ်လူမှုအဖွဲ့အစည်းရှိ သုတေသနပြုမှုတွင် ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုမှ အသိပညာအသစ်များအား သိမြင်လာနိုင်ပြီး အဆိုပါအသိပညာများအား နိုင်ငံတကာ အဆင့်တွင် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်သည့် ပညာရေးစီမံခန့်ခွဲမှုဘာသာရပ်တွင် ကောင်းစွာကျွမ်းကျင်သူ၊ ခေတ်ပြိုင်စီမံခန့်ခွဲမှုတွင် အရည်အချင်းရှိသူ။
  • ပညာအရည်အသွေး စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသော အသိုင်းအဝိုင်းတစ်ခု အနေဖြင့် ကိုယ်ပိုင်တာဝန်ရှိ အဖွဲ့အစည်းများတွင် ပညာရေးအရည်အသွေးအား မောင်းနှင်ပေးသူများ၊ စီစဉ်ပေးသူများ၊ ဆုံးဖြတ်ချက်ချသူများ၊ ပြဿနာများအား ဖြေရှင်းနိုင်သူများ၊ ဆန်းစစ်လေ့လာပေးသူများ၊ အမြော်အမြင်ရှိသူ၊ ဖန်တီးနိုင်စွမ်းရှိသူ၊ အတွေးအခေါ်ကောင်းရှိသူများ။
  • အရေးပါသောအဖွဲ့အစည်းနှင့် ကျွမ်းကျင်သော ကွန်ရက်များအား တန်ဖိုးထားသည့် ၂၁ ရာစု Professional အသိုင်းအဝိုင်းမှ တန်ဖိုးရှိသော အဖွဲ့ဝင်တစ်ယောက်၊ အရးပါသော ပညာရှင်များ၊ ပညာရေးဆိုင်ရာ ဦီးဆောင်နိုင်သူ။
  • ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ ပရောဖက်ရှင်တွင် တာဝန်ယူတတ်ပြီး ကောင်းမွန်သော သဘောထားဖြင့်ဆောင်ရွက်သူ၊ ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများ၏ အမူအကျင့်ဆိုင်ရာ စည်းမျဉ်းဥပဒေများ၊ အမူအကျင့်များ၊ ကျင့်ဝတ်များရှိသူ။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

  • နိုင်ငံတကာကျောင်းများ၏အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ကြီးဌာန အုပ်ချုပ်ရေးမှူး၊ အစိုးရနှင့် ပုဂ္ဂလိက ပညာရေးဆိုင်ရာ အဖွဲ့အစည်းများရှိ ပညာရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများ၊
  • အစိုးရနှင့် ပုဂ္ဂလိက အဆင့်မြင့် ပညာရေးတက္ကသိုလ်များတွင် ကထိကများ၊
  • ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာပရိုဂရမ်များတွင် အလွတ်တန်းပညာရှင်များ၊ ကထိက များ၊
  • ပညာရေးစီမံခန့်ခွဲရေးနှင့် အခြားပညာရေးနယ်ပယ်များနှင့်စပ်လျဉ်းသည့် အစိုးရ အဖွဲ့အစည်းများတွင် ဝန်ထမ်းများ၊
  • ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ သုတေသီ၊
  • အဖွဲ့အစည်း/စီးပွားရေးလုပ်ငန်းများမှ အုပ်ချုပ်ရေးမှူးချုပ်များ၊
  • ပညာရေးစီမံခန့်ခွဲမှုနှင့် စီမံကိန်း အကြံပေးပုဂ္ဂိုလ်၊


အသိအမှတ်ပြုမှု



ကျွန်ုပ်တို့၏ပရိုဂရမ်သည် ထိုင်းနိုင်ငံ ဆရာများကောင်စီနှင့် အဆင့်မြင့်ပညာရေး ကော်မရှင်ရုံး တို့၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။

လျှောက်လွှာတင်ပါ