Loading...

လေကြောင်းသိပ္ပံပညာဘွဲ့

လေကြောင်းသိပ္ပံပညာဘွဲ့ နှင့်အတူ သင် ၏ အနာဂတ် ကို အမြင့်တင်လိုက်ပါ။

အကယ်၍ သင်၏ရည်မှန်းချက်မှာ aerodynamics (လေထဲရှိ အရာဝတ္ထုများအပေါ် သက်ရောက်သော အားများကို လေ့လာသောသိပ္ပံပညာ) မှစ၍ စီးပွားရေးလေကြောင်းလိုင်း ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုပညာအထိ လေယာဉ်များအကြောင်း အရာရာတိုင်းကို သင်ယူရန်ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ လေကြောင်းသိပ္ပံပညာဘွဲ့ က သင့်အတွက်ပါပဲ။

ကျွန်ုပ်တို့၏ လေကြောင်းသိပ္ပံပညာ ဘွဲ့ ရပြီးသောအခါ လေကြောင်းပညာနဲ့ပတ်သတ်တဲ့ သင်၏ အနာဂတ် အိပ်မက်အလုပ်အကိုင် အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ရရှိပါလိမ့်မည်။

ဘာတွေသင်ယူရမလဲ

လေယာဉ် ထိန်းချုပ် ရေး စနစ် များ ၊ လေကြောင်း ထိန်းချုပ် ရေး စနစ် များ နှင့် လေကြောင်း ဆက်သွယ်ရေး စနစ် များ ကို ကောင်းမွန်စွာ နားလည် စေရန် သင်ရိုးညွှန်းတမ်း ကို ဒီဇိုင်းဆွဲ ထားသည် ။

အာဆီယံစီးပွားရေးဒေသ ရှိ လေကြောင်းလုပ်ငန်းများ၌ လိုအပ်သော ခေတ်မီ လေကြောင်း လုပ်ငန်း များ ၏ ကဏ္ဍ အားလုံး ကို သင်ကြား ပေး ပါ လိမ့်မည်။ ကျွန်ုပ်တို့၏ သင်ရိုးတွင် ပြတိုက် များ ၊ အဓိက လေဆိပ် များ နှင့် လေယာဉ် ဟန်ဒါ များ သို့ ပုံမှန်လေ့လာရေးခရီးစဉ်များ ပါဝင် ပြီးသည့်အတွက် သင် သည် ပုဂ္ဂလိက နှင့် စီးပွားရေး ဂျက် လေယာဉ်အမျိုးမျိုးကို ထဲထဲဝင်ဝင် နားလည်ပါလိမ့်မည် ။

St.Theresa International College တွင် ဟောပြောပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲ များ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် ပုံစံတူသရုပ်ပြခြင်းများ စသည်ဖြင့် သင်ကြား မှု နည်းလမ်း အမျိုးမျိုးကို အသုံးပြု သင်ကြားပေးပါသည်။ စာသင်နှစ် တစ်လျှောက်လုံးတွင်လည်း လေကြောင်းအင်ဂျင်နီယာပညာရပ် ကျွမ်းကျင်သူများဖြင့် လေကြောင်းပညာဆိုင်ရာ အသိပညာများ ကျွမ်းကျင်မှုများကို လေ့ကျင့်သင် ကြားပေးလျှက်ရှိသည်။ ဒါ့အပြင် ကျောင်းသားများအား တာဝန်သိတတ်မှု၊ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်တို့ကို အလေ့ထားတတ်ရန်လည်း လေ့ကျင့်သင်ကြားပေးသည်။

အကယ်၍ သင်သည် လေယာဉ်မှူးတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်လိုပါက ထိုင်းအစိုးရက ထုတ်ပြန်သော တရားဝင် လေယာဉ်မှူးလိုင်စင်ကို ရယူနိုင်မည့် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းနှင့် လေ့လာရန် ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့၏ လေကြောင်းသိပ္ပံပညာဘွဲ့ ရပြီးသောအခါ သင်သည် လေဆိပ်များ သို့မဟုတ် လေကြောင်းလုပ်ငန်းများတွင် အခန်းကဏ္ဍအမျိုးမျိုးကို ဆောင်ရွက်ရန် အရည်အချင်းပြည့်မီသောသူတစ်ဉီး နေပါလိမ့်မည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

  • သင်ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းများမှာ
  • လေဆိပ်အာဏာပိုင်များ ဝန်ထမ်းများ
  • ကုန်တင် အရာရှိ
  • မြေပြင်ဝန်ထမ်း
  • လေကြောင်းထိန်းသိမ်းရေး ထိန်းချုပ်သူ
  • လေယာဉ်နည်းပညာရှင်
  • လေကြောင်း လိုင်း ဝန်ထမ်း (စီမံ ခန့်ခွဲ ရေး အရာရှိ ၊ ဘဏ္ဍာရေး အရာရှိ ၊ လေယာဉ် simulator အရာရှိ ၊ လေယာဉ် ထောက်ပံ့ ရေး ဝန်ထမ်း စသည် ) ။
  • လိုင်စင်ရကုန်သွယ်ရေး လေယာဉ်မှူး (CP License)


လျှောက်လွှာတင်ပါ