Loading...

ဒစ်ဂျစ်တယ်မီဒီယာ

ရုပ်ရှင်များနှင့် ဂီတဗီဒီယိုများ ထုတ်လုပ်ခြင်းတွင် ပါဝင်ရန် သင့်ရဲ့ စိတ်ကူးအိမ်မက်လား။ မီဒီယာမှတစ်ဆင့် လူများစွာ၏ဘဝကို ဩဇာလွှမ်းမိုးလိုပါသလော။

St.Theresa Internaltional College ရဲ့ Digital Media ပရိုဂရမ်က ရုပ်ရှင်လုပ်ငန်းများ၊ ရုပ်မြင်သံကြား အေဂျင်စီများ၊ ဒေသခံ စတူဒီယိုများနှင့် အွန်လိုင်း မီဒီယာထုတ်လုပ်မှုများက ဆန္ဒရှိသည့် ကျွမ်းကျင်မှုများနှင့် ပြည့်စုံအောင် ကျောင်းသားများ ကို နိုင်ငံတကာအဆင့်မီလေ့ကျင့်သင်ကြားမှုများ နှင့် ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ ကို ပေါင်းစပ်ပြီး လေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်။

ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်မီဒီယာပညာ ဘွဲ့ ရပြီးသောအခါ ကျောင်းသားများသည် ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း၏ လျင်မြန်စွာ ပြောင်းလဲနေမှုကို ဖြေရှင်းနိုင်မယ့် လိုအပ်သော ကျွမ်းကျင်မှုများကို ရရှိပါလိမ့်မည်။

ဘာတွေသင်ယူရမလဲ

St.Theresa International College သည် ဒစ်ဂျစ်တယ်နည်းပညာများ၊ မီဒီယာထုတ်လုပ်မှုများနှင့် ဆန်းသစ်တီထွင်မှုတို့စပ်ကြား ဆက်နွှယ်မှုများကို စူးစမ်းရှာဖွေရန် အကောင်းဆုံးနေရာဖြစ်သည်။ ထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ အတွေ့အကြုံများမှတစ်ဆင့် စာသား၊ ဓာတ်ပုံမှစ၍ ဗီဒီယိုနဲ့ အန်နီမေးရှင်း (လှုပ်ရှားပုံရိပ်)များအထိ များစွာသော ဒီဂျစ်တယ်မီဒီယာ ပုံစံအမျိုးမျိုးကို နောက်ဆုံးပေါ်နည်းပညာများကို အသုံးချပြီး ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးနေပါတယ်

အနုပညာနဲ့လက်မှုပညာဘာသာရပ်များကို ကျောရိုးပြုထားသော ကျွန်ုပ်တို့၏ သင်ရိုးမှာ အလှအပဆိုင်ရာ ဒစ်ဂျစ်တယ်မီဒီယာဒီဇိုင်းနည်းပညာတွေကို အမှန်တကယ်နားလည်သဘောပေါက်အောင် ဒီဇိုင်းဆွဲထားပါတယ်။ ကြည့်ရှု သူ ၏ စိတ်ပိုင်း ဆိုင်ရာ တုံ့ပြန် မှု များ နှင့် သင့် အနုပညာ လက်ရာ များ ဆီသို့ လူမှုရေး ယဉ်ကျေးမှု အကျိုး သက်ရောက် မှု များ ကို လေ့လာ ဆန်းစစ် ခြင်းများကို လည်းထည့်သွင်းရေးဆွဲထားပါတယ်။

ကျောင်းသားတစ်ဦးအနေနှင့် သင်သည် ဒစ်ဂျစ်တယ်မီဒီယာလောကတွင် ကိုထဲထဲဝင်ဝင်လေ့လာနိုင်ပြီး အတွေ့အကြုံများစွာရရှိမည့် နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူများနှင့် ရုပ်မြင်သံကြားအသံလွှင့် စတူဒီယိုအဖွဲ့အသီးသီးနှင့် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ခွင့် ရရှိပါလိမ့်မည်။

ဒီပရိုဂရမ်ရဲ့ ကျောင်းဆင်းတွေဟာ မီဒီယာလုပ်ငန်းရဲ့ တိုးများလာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ဒီဂျစ်တယ်မီဒီယာကို ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စွမ်း အပြည့်အဝ ရရှိနိုင်ကြပါလိမ့်မယ်။ သင် ၏ အနုပညာ လက်ရာ များ က ကမ္ဘာကြီး အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ဆောင်ကျဉ်းပေးနိုင်အောင် ကျွန်ုပ်တို့ရဲ့ သင်တန်း များမှာ မီဒီယာ နှင့်ပတ်သတ်တဲ့ ကိုယ်ကျင့်တရား နှင့် လူ့ကျင့်ဝတ် ဆိုင်ရာ ခံယူချက် များ အပေါ် အလေးထား၍ သင်ကြား ပေးပါသည်။

ရည်မှန်းချက်များ

• သင်တန်းသားများအား အရည်အသွေးမြင့်သောဖန်တီးမှုလုပ်ငန်းများကို ထုတ်လုပ်နိုင်ရန် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့် အစွမ်းအစများကို တိုးမြှင့်ပေးရန်။

• မီဒီယာထုတ်လုပ်မှုအတွက် ဒစ်ဂျစ်တယ်နည်းပညာတွေကို အပြည့်အဝနားလည်ပြီး အသုံးချဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေနဲ့ ကျောင်းသားတွေကို ပြင်ဆင်ပေးရန်။

• ကျောင်းသားတွေကို လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အရည်အချင်းမြင့်မားသော မီဒီယာ ထုတ်လုပ်သူတွေ ဖြစ်လာအောင် လေ့ကျင့်ပေးရန်

• ကျောင်းသားတွေကိ မီဒီယာ ဆက်သွယ်ရေးအတွက် အသိပညာ ပေါင်းစပ်နည်းပညာတွေကို ဘယ်လိုကျင့်သုံးနိုင်မလဲဆိုတာ သင်ပေးရန်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

ဒစ်ဂျစ်တယ်မီဒီယာပညာဘွဲ့ရပြီးသည့်အခါ သင်သည် ကျွမ်းကျင်မှုအမျိုးမျိုးရှိသူများနှင့် ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းနှင့် ညှိနှိုင်းဆောင်ရွက်နိုင်စွမ်း အပြည့်အဝ နေပါလိမ့်မည်။ တချို့အလားအလာရှိသော အလုပ်အကိုင်အခွင့်အလမ်းများ တွေကတော့–

  • ရုပ်ရှင်ဒါရိုက်တာ
  • ထုတ်လုပ်မှု
  • ဓာတ်ပုံဆရာ
  • အယ်ဒီတာ
  • ရုပ်မြင်သံကြားကြေညာသူ
  • အစီအစဉ်တင်ဆက်သူ
  • သရုပ်ဆောင်
  • ဇာတ်ညွှန်းရေးဆရာ
  • ကြော်ငြာ စျေးကွက် မန်နေဂျာ
  • ဓာတ်ပုံဆရာ
  • Studio Stylist
  • အလင်းရောင် ဒီဇိုင်းရေးဆွဲသူ
  • ဌာနခွဲ မန်နေဂျာ
  • ဝတ္ထုရေးဆရာ


လျှောက်လွှာတင်ပါ