Loading...

နိုင်ငံတကာ စီးပွားရေး

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုမှာ အလုပ်လုပ်ဖို့စိတ်ဝင်စားပါသလား။

ကော်ပိုရေးရှင်းနယ်ပယ်မှာ အောင်မြင်ဖို့အတွက် လျို့ဝှက်ချက်တွေ သိချင်ပါသလား။

ကျွန်ုပ်တို့ရဲ့ နိုင်ငံတကာစီးပွားရေးပရိုဂရမ်သည် နိုင်ငံတကာစျေးကွက်၏ အစဉ်ပြောင်းလဲနေ သော လိုအပ်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့်တင်ပေးမည့် အသေးစိတ်ကျသော သင်ရိုး တစ်ခုဖြစ်ပါသည်။ အဆိုပါ ပရိုဂရမ်သည် နိုင်ငံတကာစီးပွား‌ရေး အလုပ်အမှုဆောင်များအဖြစ် အောင်မြင်ရန် လိုအပ်သည့် စွမ်းရည်များ၊ အလေ့အကျင့်များနှင့်အတူ ကျောင်းသားများ အတွက် ပြင်ဆင်ရေးဆွဲထားပါသည်။ အဆိုပါ ပရိုဂရမ်ပြီးပါက ကော်ပိုရေးရှင်းနယ်ပယ်ရှိ အခက်အခဲများအား ကျော်လွှားနိုင်မည်သာမက ထူးခြားမှုရှိသည့် ခရီးရောက်နိုင်ရန်အတွက် အသင့်ဖြစ်နေပါမည်။

ဘာတွေသင်ယူရမလဲ

နိုင်ငံတကာစီးပွားရေးပရိုဂရမ်သည် အပြိုင်အဆိုင်များသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရှိ စီးပွားရေးလုပ်ငန်းများအား ပိုမိုနားလည်နိုင်ရန် ရည်ရွယ်ပါသည်။ စိန့်ထရီဇာ၏ ကတိကဝတ်တစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းများနှင့် ဆက်သွယ်ရာတွင် အောင်မြင်ဖို့ ကျောင်းသားများအား အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်အောင် မြှင့်တင်ခြင်းကိုလည်း ထင်ဟပ်စေပါသည်။ အဆိုပါ ပရိုဂရမ်သည် စီးပွားရေးရှုထောင့် အမျိုးမျိုးနှင့်အတူ ကျောင်းသားများအား အသိပညာထွန်းလင်းစေမည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။

စိန့်ထရီဇာ နိုင်ငံတကာစီးပွားရေးဌာနအနေဖြင့် ကျောင်းသားများ သင်ယူတတ်မြောက်မှုအား အလေးထားရုံသာမက ရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်းပေါ်တွင် ထိပ်ဆုံး၌ ဦးဆောင်နိုင်ရန် ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းလျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်ကြားမှုအားလုံးသည် လက်ရှိလေ့လာမှုဘောင်များ၊ ဆန်းစစ်လေ့လာမှုနှင့် အယူအဆ တိုင်း နီးပါး လက်တွေ့ပြဿနာများကို သင်တန်းသွင်းပို့ချခြင်းဖြင့် စတင်လျက်ရှိပါသည်။

သင်ယူခြင်းသည် တက်ကြွခြင်းနှင့် လူမှုရေးနှစ်ခုစလုံးတွင် အစွမ်းထက်ဆုံးဖြစ်သည့်အတွက် စိန့်ထရီဇာအနေဖြင့် အတန်းဖော်များမှ အကူအညီများရှာဖွေရန်၊ အတွေးအခေါ်များ ဖလှယ်နိုင်ရန်နှင့် သင်ကြားမှုဝန်းကျင်တွင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်လျက်ရှိပါသည်။ နိုင်ငံတကာစီးပွားရေးအလုပ်အမှုဆောင်များ၏ မရှိမဖြစ် လိုအပ်သော အရည်အချင်းများဖြစ်သည့် ပေါင်းသင်းဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးတို့ကို တိုးမြှင့်နိုင်ရန်မှာ အဆိုပါ ပရိုဂရမ်၏ အခြေခံကျတဲ့အချက်ဖြစ်ပါသည်။

ပရိုဂရမ်အားပြီးမြောက်ပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း သို့မဟုတ် နိုင်ငံတကာကုမ္ပဏီ နှင့်အတူ အလုပ်အမှုဆောင်ရာထူး ရရှိနိုင်သည့် လိုအပ်သည့်အရည်အချင်းများ ရရှိမည် ဖြစ်ပါသည်။

ပရိုဂရမ်၏အသားပေးအချက်များ

  • ကျောင်းသားများအနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့် စီမံခန့်ခွဲရေးအလုပ်အကိုင်များ တွင် လုပ်ငန်းဆိုင်ရာအသိပညာ ဗဟုသုတနှင့် စွမ်းရည်များ ရရှိနိုင်မည်ဖြစ်ပါသည်။
  • သင်ရိုးညွှန်းတမ်းမှာလည်း စီးပွားရေးလိုအပ်ချက်များနှင့်ကိုက်ညီလျက်ရှိပြီး ခေတ်မီ လျက် ရှိပါသည်။
  • သင်ကြားခြင်းများကိုလည်း Case Study အကဲဖြတ်ချက်များတွင် အခြေခံထားပါ သည်။
  • သင်ကြား/သင်ယူခြင်း အတန်းများသည် Activity နှင့် Event များအား အလေးပေးထား ပါသည်။
  • ပြီးပြည့်စုံသည့် စီးပွားရေးစွန့်ဦးတီထွင်သူများလမ်းညွှန်ကိုလည်း ထောက်ပံ့ပေးထား ပါသည်။
  • ကျောင်းသားများအနေဖြင့် ခက်ခဲသောပရောဂျက် Assignment များမှတဆင့် အတွေ့အကြုံများ ရရှိနိုင်ပါသည်။
  • အလုပ်အကိုင်အကြံပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကိုလည်း ရရှိနိုင်ပါသည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

နိုင်ငံတကာစီးပွားရေးပရိုဂရမ်၏ အခြေခံရည်ရွယ်ချက်မှာ STIC ကျောင်းသားများအတွက် အပြန်အလှန်ယဉ်ကျေးမှု လေ့ကျင့်ပေးမှုများကျယ်ပြန့်စေရန်နှင့် စီစဉ်ပေးသည့် ပလက်ဖောင်း တစ်ခုအဖြစ်ထောက်ပံ့ပေးရန် ဖြစ်ပါသည်။ အဆိုပါပရိုဂရမ်သည် အခြားသူများ မရရှိနိုင်သည့် High Order Thinking Skills (HOTS) ကို အဆင့်မြင့် ကျောင်းသားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရေးဆွဲထားပါသည်။ ဒါ့အပြင် ကျောင်းသားများ၏ ပညာရေး အောင်မြင်ရန်အတွက် ဖြည့်စွက်ကူညီပေးလျက်ရှိပါသည်။ အဆိုပါအစီအစဉ်သည် ထိုင်းနိုင်ငံနှင့် နိုင်ငံခြား နှစ်ခုစလုံးရှိ ဘဏ္ဍရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာကုန်သွယ်ရေးကြားခံများ၊ ပို့ကုန်/သွင်းကုန် ကုမ္ပဏီများနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ စသည့် စီးပွားရေးနယ်ပယ်ရှိ entry အဆင့်နှင့် မန်နေဂျာရာထူးများအတွက် ကျောင်းသားများအား ပြင်ဆင်ပေးလျက်ရှိပါသည်။

  • ကမ္ဘာလုံးဆိုင်ရာဘဏ်များ
  • ပို့ကုန်အလေးပေးဌာနများ
  • အထူးစီးပွားရေးဇုန်များ
  • စက်မှုဇုန်များ
  • ပို့ကုန်/သွင်းကုန် ကုမ္ပဏီများ
  • ကမ္ဘာ့ အာမခံကုမ္ပဏီများ
  • နိုင်ငံတကာကုန်သွယ်ရေးကြားခံများ
  • နိုင်ငံပေါင်းစုံ စီးပွားရေးလုပ်ငန်းများ
  • နိုင်ငံတကာ ကုန်စည် ကုမ္ပဏီများ
  • ကျော်ကြားသော အလုပ်အကိုင်ရွေးချယ်စရာများ
    နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွင် နယ်ပယ်များစွာနှင့် စီးပွားရေး အထူးလုပ်ငန်းများ ပါဝင် ပါသည်။ အချို့သော ကျော်ကြားသည့် အလုပ်အကိုင်‌ရွေးချယ်စရာများမှာ အောက်ပါတို့ဖြစ် ပါသည်။
    • နိုင်ငံတကာ အ‌ရောင်းမန်နေဂျာ
    • နိုင်ငံတကာစျေးကွက် မန်နေဂျာ
    • နိုင်ငံတကာဘဏ်လုပ်ငန်းရှင်
    • နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ
    • ပို့ကုန်/သွင်းကုန် လုပ်ကိုင်သူ
    • နိုင်ငံတကာလူ့အရင်းအမြစ် ကျွမ်းကျင်သူ
    • နိုင်ငံတကာ အာမခံ အတိုင်ပင်ခံ
    • စီးပွားရေးဆန်းစစ်သူ
    • အာမခံမန်နေဂျာ
    • ဘဏ္ဍာရေး မန်နေဂျာ


လျှောက်လွှာတင်ပါ