Loading...

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း

ကျွန်ုပ်တို့၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပရိုဂရမ်သည် ဟိုတယ်မှ စားသောက်ဆိုင်သာမက လေကြောင်းလိုင်းမှ ရေကြောင်းအထိ ကြယ် ၅ ပွင့် အဆင့်ရှိ သင်ကြားရေး အတွေ့အကြုံများ ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အဆိုပါ ပရိုဂရမ်ကျောင်းဆင်းများသည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှိ ဧည့်ဝတ်ကျေပွန်ခြင်း၊ ဖျော်ဖြေရေးအတတ်ပညာများဖြင့် မျက်နှာသာပေးခံရမည် ဖြစ်ပါသည်။

စီးပွားရေးမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် များစွာမှီခိုနေသည်နှင့်အညီ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအား လေ့လာရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ အဆိုပါ ပရိုဂရမ်အား ပြီးမြောက်ပါက ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများတွင် အလွန်အောင်မြင် သော အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် အသင့်ဖြစ်နေပါလိမ့်မည်။

ဘာတွေသင်ယူရမလဲ

ခရီးသွားလုပ်ငန်းနှင့် ဧည့်ကြိုလုပ်ငန်းဆိုင်ရာ ပညာရေးတိုးတက်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကျော်က လျင်မြန်စွာတိုးတက်လာခဲ့ပြီး ကမ္ဘာ့အ‌ရေးပါဆုံး စီးပွား‌ရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အင်အားစုတခုအဖြစ် ခရီးသွားလုပ်ငန်းအား အသိပြုလာမှု အား ထင်ဟပ်စေပါသည်။ ဧည့်ကြိုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးသည် အသက်မွေး ပညာသင်တန်းများမှ အဆင့်မြင့်သုတေသန ဘွဲ့များအထိ အဆင့်အမျိုးမျိုးဖြင့် များစွာ တိုးတက်လျက်ရှိပါသည်။ အဆိုပါတိုးတက်မှုသည် အများစု လက်ကိုင်ယုံကြည်သည့် ခရီးသွား လုပ်ငန်းရှိကြုံတွေ့ရသည့် အခက်အခဲများအနက် တစ်ခုမှာ ကျောင်းသားများအား သင့်လျော် သော ပညာရေးနောက်ခံနှင့်အတူ အရည်အချင်းရှိသော ဧည့်ကြိုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ပုံသွင်းခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခန့်အပ်ခြင်းတို့တွင် ထင်ဟပ်စေ ပါသည်။

ဆားနှင့်ငရုတ်၊ သရက်သီးနှင့် ကောက်ညှင်း၊ ဝိုင်နှင့် ဒိန်ခဲတို့သည် တစ်ဦးနှင့် တစ်ဦး လိုက်ဖက်အောင် ဖြည့်စွက်ရသကဲ့သို့ သီအိုရီနှင့် အလေ့အကျင့်များသည်လည်း ကျွန်ုပ်တို့ ပရိုဂရမ်၏ အခြေခံများ ဖြစ်ပါသည်။ စိန့်ထရီဇာ နိုင်ငံတကာကောလိပ်ရှိ ကျောင်းသားများ သည် အရည်အချင်းပြည့်မီသည့်ပို့ချသူများ၊ ကောင်းမွန်သော အထောက်အပံ့များနှင့်အတူ သင်ယူမှုဝန်းကျင်ကို နှစ်သက်နိုင်မည်ဖြစ်ပါသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျောင်းသားများသည် အတွေ့အကြုံရှိကျွမ်းကျင်သူများအဖွဲ့နှင့်အတူ လက်တွေ့အခြေအနေ များဖြင့် လေ့ကျင့်ရမည်ဖြစ်ပြီး နှစ်စဉ် နာမည်ရဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများတွင် သင်ယူနိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။ ရွေးချယ်ခံရသောကျောင်းသား များသည် နိုင်ငံခြား ကြယ် ၅ ပွင့် ဟိုတယ်များတွင် အလုပ်သင်လုပ်ဆောင်နိုင်မည့် ထိုက်တန် သော အခွင့်အလမ်းများလည်း ရရှိမည် ဖြစ်ပါသည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

  • ဟိုတယ်မန်နေဂျာ
  • ခရီးသွားလုပ်ငန်းရှင်
  • ခရီးသွားလုပ်ငန်းကိုယ်စားလှယ်
  • ဧည့်ကြိုနှင့်ခရီးသွားလုပ်ငန်းရှင်
  • ပွဲ/အခမ်းအနား စီစဉ်သူ/ထုတ်လုပ်သူ
  • ပြည်တွင်း၊ ပြည်ပ ဧည့်လမ်းညွှန်
  • ခရီးသွားစာရေးဆရာနှင့် သုတေသီများ
  • စားသောက်ဆိုင် သို့မဟုတ် အစားအစာဝန်ဆောင်မှု မန်နေဂျာ
  • စားဖိုမှူး
  • ဧည့်ကြိုနှင့် ခရီးသွားလုပ်ငန်း သင်ကြားပေးသူ
  • ဝန်ထမ်းမှ မန်နေဂျာအဆင့်အထိ -
    • အစားအသောက်ဌာန
    • Front Office ဌာန
    • အိမ်ထိန်းသိမ်းရေးဌာန
    • အပျော်စီးသင်္ဘော
    • Spa
    • တိုက်ခန်းဝန်ဆောင်မှု


လျှောက်လွှာတင်ပါ